အဝသုံးဒေတာအတွက် အသုံးပြုမှုလမ်းညွှန်

Myanamar Net WiFi ကို Telenor SIM Card ဖြင့်အသုံးပြုနိုင်ရန်အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါသည်။

အသုံးပြုမှုလမ်းညွှန်

(၁) မြန်မာနက် WiFi ကိုရွေးပါ။

(၂) EAP method ကိုရွေးချယ်ပေးပါ။

EAP method ကိုရွေးလိုက်ပါက ရွေးချယ်စရာ ကျလာမည်ဖြစ်သည်။

(၃) EAP method တွင် SIM ကိုရွေးပေးပါ။

(၄) Connect ကိုနှိပ်ပေးပါ။ မြန်မာနက် WiFi ကို Telenor SIM card ဖြင့်စတင်သုံးစွဲနိုင်ပါပြီ။

WiFi Profile ကို ဤနေရာ၌ဒေါင်းလုဒ် ရယူပေးပါ။

ပထမဦးစွာ WiFi Profile ထည့်သွင်းရန် "Safari Browser" ကိုအသုံးပြုရန်လိုအပ်ပါသည်။

(၁) WiFi Profile ထည့်သွင်းခြင်း

(က) WiFi Profile ကို ဒေါင်းလုဒ်ဆွဲပါ။ ဒေါင်းလုဒ်ဆွဲပြီးပါက ပေါ်လာသော Open Setting ထဲမှ Allow ကို ရွေးပါ။

(ခ) Install ကိုနှိပ်၍ ရွေးချယ်ပေးပါ။

(ဂ) ပထမအကြီမ် install ကိုနှိပ်ပြီးလျှင် Install ကိုထပ်မံရွေးချယ်ပေးပါ။

(ဃ) ထို့နောက် ပေါ်လာသော Profile Installed တွင် Done ကိုနှိပ်ပေးပါ။

(င)အထက်ပါအဆင့်များပြုလုပ်ပြီးပါက Profile Setting ထဲတွင် Myanmar Net WiFi ကိုမြင်ရမည်ဖြစ်သည်။

User သည် Wifi Profile ကိုပြန်လည်ဖြုတ်လိုပါက အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ဆောင်နိုင်ပါသည်။

(က)Go to > Setting > General > Profiles & Device Management > Myanmar Net WiFi > Remove Profile သို့ အဆင့်ဆင့်သွားပါ။

(ခ)နောက်ဆုံး Myanmar Net WiFi နေရာတွင် Remove Profile ကိုနှိပ်ပေးပါ။

(ဂ)Remove profile နှိပ်ပြီးပါက ထပ်မံ၍ Remove နှိပ်ပေးပါ။ အကုန်ပြီးဆုံးသွားပါက Myanamar Net WiFi Profile ပျောက်သွားမည်ဖြစ်ပါသည်။

မေးလေ့ရှိသောမေးခွန်းများ

တယ်လီနောမြန်မာ နဲ့ မြန်မာနက် တို့ပူးပေါင်းပြီး သုံးစွဲသူတွေအတွက် အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Internet Pack တွေဖြစ်ပါတယ်။ ဒေတာပမာဏကို တွက်ချက် သုံးစွဲ နေစရာမလိုဘဲ အကန့်အသတ်မဲ့သုံးစွဲနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဝသုံး ၃ ရက်၊ ၇ ရက်၊ ၃၀ ရက် စသည်ဖြင့်နှစ်သက်ရာဝယ်ယူနိုင်ပါတယ်။
အစီအစဉ် ၄ မျိုးရှိပါတယ်။ ယခင်ရှိနေခဲ့သော အဝသုံး အစီစဉ်များဖြစ်သော ၉၉၀ ကျပ်၊ ၁၄၉၀ ကျပ်၊ ၆၉၉၀ တို့အပြင် ၄၉၉၀ ကျပ် အဝသုံးအစီအစဉ်အသစ်တွင် ပိုမိုမြန်ဆန်သောWiFi နှင့် ၂၅၀၀ တယ်လီနောအချင်းချင်းစာပို့နိုင်မှု အခမဲ့ပါဝင်ပါသည်။
စဉ် နှုန်းထား မိုဘိုင်းဒေတာ WiFi ဒေတာ WiFi သက်တမ်း ဘောနပ်စ် ဘောနပ်စ်သက်တမ်းကာလ
၉၉၀ ကျပ် ၃၀၀ မီဂါဘိုက် အကန့်အသတ်မဲ့ ၃ ရက် ၉၀ ကျပ် ၃ ရက်
၁၄၉၀ ကျပ် ၄၅၀ မီဂါဘိုက် အကန့်အသတ်မဲ့ ၇ ရက် ၁၉၀ ကျပ် ၃ ရက်
၄၉၉၀ ကျပ် ၂.၅ ဂစ်ဂါဘိုက် အကန့်အသတ်မဲ့ ၃၀ ရက် ၂၅၀၀ တယ်လီနောအချင်းချင်းစာတို ၃၀ ရက်
၆၉၉၀ ကျပ် ၂ ဂစ်ဂါဘိုက် အကန့်အသတ်မဲ့ ၃၀ ရက် ၉၉၀ ကျပ် ၃ ရက်
*979*18# ကို လူကြီးမင်း၏ Telenor SIM ကတ်မှ တဆင့်ခေါ်ဆိုပြီး အစီအစဉ်ကို ရယူနိုင်ပါသည်။ အထက်ဖော်ပြပါ အစီအစဉ် ၄ မျိုးကို ရွေးချယ်ရယူဖို့ စာတိုရရှိပါမည်။ မိမိရယူလိုသော အစီအစဉ်ကို ရွေးချယ်ရန်လိုအပ်ပါသည်။ အစီအစဉ်ကို အောင်မြင်စွာ ရယူပြီးနောက်တွင် အကြောင်းကြားစာ ရရှိပါမည်။
သတိပြုရန် : ယခုအစီအစဉ်မှာ Myanmar Net WiFi ကွန်ယက်ချိတ်ဆက်ရရှိနိုင်သည့် ရန်ကုန်နှင့် မန္တလေးအတွင်းရှိမြို့နယ်အချို့တွင်သာ ရရှိနိုင်ပါမည်။ Myanmar Net ကွန်ယက်မရရှိနိုင်သည့် နေရာများမှ အစီအစဉ်ကို ရယူခဲ့ပါက အစီအစဉ်ကိုရယူနိုင်မှာမဟုတ်ဘဲ အစီအစဉ်မရရှိနိုင်ကြောင်း အသိပေးအကြောင်းကြားစာ လက်ခံရရှိပါမည်။
-Andriod ဖုန်းများအတွက် Setting ထဲမှ WiFi ကိုဖွင့်ပြီး Myanmar Net > EAP Method > SIM ကို ရွေးပါ။သင်၏ဖုန်းသည် SIM card တစ်ခုထက်ပို၍ ထည့်သွင်းနိုင်ပါက SIM slot 1 တွင် Telenor SIMထည့်သွင်းရပါမည်။
-iOS ဖုန်းများအတွက် Browser ဖွင့်ပြီး http://i.myanmarnet.com/mmnet.mobileconfig ကို ဒေါင်းလုတ်လုပ်ပါ။ ဒေါင်းလုတ်လုပ်ပြီးသည်နှင့် ဝိုင်ဖိုင်ကိုဖွင့်ပြီး Myanmar Net ကို အသုံးပြုနိုင်ပါသည်။
ပထမတစ်ကြိမ်တွင်သာ Setting ပြောင်းရန်လိုအပ်ပါသည်။ နောက်အကြိမ်များတွင် အလိုအလျောက်ချိတ်ဆက်သွားမည်ဖြစ်ပါသည်။ အလိုအလျောက် ချိတ်ဆက်ရန် ဝိုင်ဖိုင် ကို ဖွင့်ထားပါ။ မိုဘိုင်းဒေတာ ဖွင့်ရန်မလိုပါ။
အဝသုံးဒေတာ အစီအစဉ်များကို တစ်ခုထက်ပိုပြီး ဝယ်ယူခဲ့ပါက မိုဘိုင်းဒေတာပမာဏများမှာ ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်းကာလမှာ အစီအစဉ်ကို နောက်ဆုံးရယူသည့် သက်တမ်းကာလ အတိုင်း ရရှိနိုင်ပါမည်။ ဒေတာအသုံးပြုမှုမှာ သက်တမ်းကာလအနည်းဆုံးမှ အရင် အသုံးပြုမည်ဖြစ်ပြီး သက်တမ်းကာလမည့်သည့် အစီအစဉ်ကို နောက်မှ အသုံးပြုမည်ဖြစ်သည် (၃ ရက်သက်တမ်း - ပထမအသုံးပြု၊ ၇ ရက်သက်တမ်း - ဒုတိယအသုံးပြု၊ ၃၀ ရက်သက်တမ်း - တတိယအသုံးပြု)။ WiFi မှာမူ အကန့်အသတ်မဲ့ဖြစ်သည့်အတွက် အကြိမ်ကြိမ်ရယူမှုအတွက် သက်တမ်းကာလတွင်သာ အပြောင်းအလဲ ရှိနိုင်ပါသည်။
ကြိုက်နှစ်သက်သလောက် အဝသုံးဒေတာ Pack များဝယ်ယူနိုင်ပါသည်။
ဝမ်းနည်းပါတယ်၊ အသုံးမပြုနိုင်တော့ပါ။ သို့သော် ဝယ်ယူထားသောpack သက်တမ်းမကုန်ဆုံးမီအချိန်အတွင်း သင်၏ ဖုန်းဆင်းမ်ကတ် ကိုပြန်လည်တွေ့ရှိပါက အသုံးပြုနိုင်မည် ဖြစ်ပါသည်။
သီးခြားPack များဖြစ်သောကြောင့် ဝယ်ယူနိုင်ပါသည်။ သင်၏Myanmar Net WiFi ချိတ်ဆက်မှုနည်းလမ်း ကိုမူတည်ပြီး ကွဲပြားသွားပါသည်။ Myanmar Net UID နှင့် Password ဖြင့်ချိတ်ဆက်ခြင်း ၊Telenor SIM ဖြင့် EAP Methodတွင် SIM ဖြင့်ချိတ်ဆက်ခြင်း ဟူ၍နှစ်မျိုးရှိပါသည်။
သင်၏ဖုန်းမှ မြန်မာနက်ကို “Forget Network” ဦးစွာလုပ်ရပါမည်။ ထို့နောက်တွင် WiFi Profile ကိုထည့်သွင်း ခြင်းဖြင့်ချိတ်ဆက်နိုင်ပါသည်။
မိုဘိုင်းဒေတာမှာ အသုံးပြုသူ၏ မိုဘိုင်းဖုန်းအမျိုးအစားနှင့် ကွန်ယက်ချိတ်ဆက်မှုအပေါ်မူတည် ပါသည်။
ဥပမာ: 4G မိုဘိုင်းဖုန်းကို အသုံးပြုပြီး 4G ကွန်ယက်ကို အသုံးပြုနေပါက အကောင်းဆုံး မြန်နှုန်းကို ရရှိမည်ဖြစ်ပြီး မိုဘိုင်းဒေတာမှ ၁စက္ကန့်လျှင် ၂ဝမီဂါဘိုက်နှင့်အထက် အထိ ရရှိနိုင်ပါမည်။ Myanmar Net WiFi သုံးစွဲရာတွင် နေ့စဉ် ပထမဦးဆုံး သုံးစွဲသော ၁၅၀ မီဂါဘိုက်တွင် မြန်နှုန်း ၁၆Mbps ရရှိနိုင်ပြီး ထပ် သုံးစွဲသော ဒေတာ များတွင် မြန်နှုန်း ၁Mbps ဖြင့်ရရှိနိုင်ပါသည်။